မြန်မာစံတော်ချိန်

Friday, September 19, 2008

ကိုယ့်ဟာကိုယ်စဉ်းစားမှပေါ့

မျိုးသမီးတစ်ယောက်ဟာ လမ်းသွားရင်း ပုလင်းတစ်လုံးကောက် ရတယ်……
ပုလင်းကိုဖွင့်လိုက်တော့ အထဲက အစောင့်ထွက်လာသတဲ့…..။

အဲဒါနဲ့ပဲ ထုံးစံအတိုင်း အလိုချင်ဆုံးဆန္ဒတစ်ခုပြောပါ..ဘာညာပေါ့ဗျာ….
ဒီတော့ အဲဒီမိန်းမက…သူ့ကိုမရိုက်မနှက်မယ့် .. သူ့ကို ဘယ်တော့မှ ထားမ
သွားမယ့် …သူ့ကို အိမ်ထောင်ရေးမှာ လိုအင်ဖြည့်ပေးနိုင်မယ့် လင်ယောင်္ကျား…
စတဲ့ အချက်သုံးချက်နဲ့ပြည့်စုံတဲ့ ယောင်္ကျားကို ရချင်ပါတယ်လို့ တောင်းပါလေ
ရော….(ရှားပါးပစ္စည်းကိုမှတောင်းတာနော်)။
ဟိုသကောင့်သားကလည်း တန်ခိုးတွေ ဘာတွေနဲ့ပဲလေ…အေးဆေးပဲ….။
ရစေပေါ့…အဲ..ချက်ချင်းတော့ မဟုတ်ဘူး…နောက်နေ့နေ့လည် မွန်းတည့်ချိန်
အိမ်ကပဲစောင့်နေပါတဲ့….ရောက်လာစေရမယ်ပေါ့…(ပုလင်းစောင့်ပေမယ့်……
အဆင့်တော့မြင့်သား..Door to Door စနစ်နဲ့ဗျ)။

ဟိုကျောင်းအမလည်း…အိမ်ကိုတန်းပြန်ပြီးစောင့်နေပါရောတဲ့…(သိပ်မလိုချင်ရှာ
ဘူးထင်ပါ့).။ နောက်နေ့ မွန်းတည့်မှာတော့ အိမ်ရှေ့က လူခေါ်ဘဲလ်မြည်သံ
ကြားလို့ ထွက်ကြည့်တော့………………………………………………………….
တွေ့လိုက်ရတဲ့မြင်ကွင်းက မှန်းချက်နဲ့နှမ်းထွက် မကိုက်……………………..
တွေ့လိုက်ရတာက….ခြေမပါ..လက်မပါနဲ့…သူကောင့်သား………..အိမ်ရှေ့
တံခါးဝက မြေပြင်မှာ စန့်စန့်ကြီးစံမြန်းလို့တဲ့…….(မျက်နှာတောင် ပြုံးဖြီးဖြီး
လုပ်ပြချင်လုပ်ပြနေမှာ)..။

ကျောင်းအမကတော့ အတော်တင်းသွားတာပေါ့….လေသံမာမာနဲ့….
ရှင်ဘယ်သူလဲ..မေးတော့….
ပုလင်းစောင့်က လွှတ်လိုက်တာပါပေါ့…(အတိုချုပ်တော့မယ်ဗျာ…)။
ကျနော့မှာလက်မရှိတော့ ခင်ဗျားကိုရိုက်လဲမရိုက်နိုင်ပါဘူးတဲ့…………………….
ခြေမရှိတော့ ခင်ဗျားနားကလည်း ဘယ်တော့မှ ထွက်မသွားနိုင်ပါဘူးတဲ့……….

အမျိုးကောင်းသမီးက ကြားဖြတ်ပြီးမေးတယ်………….
ကျမရဲ့ လိုအင်ကိုဖြည့်ပေးမယ့် ကိစ္စကျတော့ ဘယ်လိုရှင်းမလဲတဲ့………………
(အဟီး….အရေးကြီးတာမှ မေးသကိုးဗျ) ။
ဟိုသကောင့်သားကလည်း ထီမထင်တဲ့မျက်နှာနဲ့ ပြန်ဖြေလိုက်ပါတယ်…………
လူခေါ်ဘဲလ်ကို ကျနော်ဘာနဲ့တီးလိုက်တယ်လို့ ခင်ဗျားထင်လဲတဲ့…..။
(ကောင်းရော………ကျနော်ဘာမှမပြောဘူးနော်…အဆင်ပြေသလိုသာ စဉ်းစား...
ဟီးဟီး)

2 ခုအကြံပြုထားသည်:

စိုးထိုက် said...

အဲဒီ ပဒုမပေါင်တို ရဲ့ လျှာ က တော်တော်စွမ်းတာပဲ။ ငါ့ သူငယ်ချင်း ငှက်ကျား ရဲ့ လျှာ လိုပဲ၊ လူခေါ်ဘဲလ် ကိုတောင် နှိပ်နိုင်တယ် ဆိုတော့။

ARO GERALDES said...

Myanmar friends, I'm argentine sport journalist and I'm looking for a Myanmar football blog. If you know one, please, write to contact the blogger.
Best regards from Buenos Aires
Pablo
International football journalism