မြန်မာစံတော်ချိန်

Sunday, August 24, 2008

ဇာတ်ကားအစအဆုံး Online မှာကြည့်ဖို့

ဒီ


Website လေးကတော့ Online ကနေ ရုပ်ရှင်တွေ၊ဗွီဒီယိုတွေကို အခမဲ့
(တစ်ကားလုံး) ကြည့်ချင်သူတွေအတွက် အသုံးတည့်မှာပါ..။
သုံးရတာလဲလွယ်ပါတယ်..။
Register လုပ်စရာတောင်မလိုပါဘူး..။

Website ကိုဖွင့်...ကိုကြည့်ချင်တဲ့ဗွီဒီယိုကားနာမည်ကို ရိုက်ထည့်ပြီး
ရှာနိုင်သလို... ဇာတ်လမ်းအမျိုးအစားအလိုက်...အင်္ဂလိပ်အက္ခရာစဉ်
အလိုက်လဲရှာလို့ရပါတယ်..အောက်ကပုံထဲမှာ ပြထားပါတယ်..။


...ပုံကြီးကြည့်ရန်...

အပြာရောင်လေးထောင့်ကွက်ထဲကတော့ ဇာတ်ကားနာမည်ကို ရိုက်ထည့်
ပြီှးရှာဖို့နေရာပါ..။
အနီရောင်လေးထောင့်ကွက်ထဲကဟာတွေကတော့ အက္ခရာစဉ်လိုက်
ရှာဖို့ပါ..။
အနက်ရောင်အကွက်ထဲကတော့ ဇာတ်လမ်းအမျိုးအစားအလိုက် ရှာဖို့ပါ။
တော်တော်အဆင်ပြေပါတယ်။
အဲ..ကိုယ်ရှာတဲ့ဇာတ်ကားကို တင်မထားသေးရင်တော့ မရဘူးပေါ့။
အဲဒါဆိုရင်တော့ Not Available လို့ပေါ်လာပါတယ်။
တော်တော်များများကတော့ ရှိပါတယ်...။ (၁၀)ကားရှာရင် အနည်းဆုံး
(၇)ကားလောက်တော့ ရှိပါတယ်..။
ကြည့်တဲ့နေရာမှာလဲ..တစ်ကားလုံးတင်ထားတဲ့ Link ကို ကြည့်မှာလား...၊
အပိုင်းလိုက်တင်ပေးထားတဲ့ Link ကိုကြည့်မှာလား....ကိုယ်အဆင်ပြေတာ
ရွေးကြည့်လို့ရပါတယ်..။
Connection တော့ နည်းနည်းကောင်းဖို့လိုတာပေါ့...။
အဲဒီ Website ကတော့ www.watch-movies.net ပါ...။
စမ်းကြည့်ပါ..။ အဆင်ပြေမှာပါ..။
(ဒေါင်းလုပ်ရမရတော့ မသိကြောင်းပါခင်ဗျာ..။)

0 ခုအကြံပြုထားသည်: