ဒီ
ပို့စ်လေးကတော့ Googleမှာ ကာလအပိုင်းအခြားအလိုက် ကိုယ်လိုချင်တဲ့ အကြောင်းအရာတွေကို ရှာဖို့ပါ…ဆိုကြပါစို့…..ကျနော်တို့က မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်း သတင်းကို ရှာချင်ရင် Google မှာ ဒီလိုရိုက်ပြီးရှာရင် ဒီလိုပေါ်ပါတယ်….
Googleက ကိုယ်ရှာချင်တဲ့ကာလအတွင်းသာမက မြန်မာနာဂစ်နဲ့ဆိုင်တဲ့ Search Result အများကြီးကိုပေးပါတယ်
ကျနော်တို့က ကိုယ်လိုချင်တဲ့ကာလကလေးအတွင်းက အကြောင်းတွေကိုပဲ လိုချင် တယ်.. ဘယ်လိုရှာမလဲ..
Google ရဲ့ "daterange:" operator ကိုသုံးပါမယ်..
တစ်ခုသိထားရမှာက Google ရဲ့ "daterange:" operator ဟာ လက်ရှိ ကျနော်တို့ သုံးနေတဲ့ သမရိုးကျပြက္ခဒိန် (Gregorian Calendar) နဲ့ဆို အဆင်မပြေပါဘူး…..
သူနဲ့တကယ်အဆင်ပြေမှာက Julian Calendar ပါ…
ဒီမှာ မေးစရာတစ်ခုရှိတာက လက်ရှိပြက္ခဒိန်နဲ့ Julian ပြက္ခဒိန်ဘာကွာသလဲပေါ့…
လက်ရှိပြက္ခဒိန်က ရက်၊ လ၊ နှစ် ဆိုပြီးပါပါတယ်…
Julian ပြက္ခဒိန်မှာတော့ ရက်ပဲပါပါတယ်…နှစ်တွေ၊ လတွေမပါပါဘူး…
လက်ရှိပြက္ခဒိန်ရဲ့နေ့တစ်နေ့အစဟာ ညသန်းခေါင်ပါ… Julian ပြက္ခဒိန်မှာတော့ နေ့တစ်နေ့ဟာ မွန်းတည့်မှာစပါတယ်….
Julian ပြက္ခဒိန်စတင်ခဲ့တာက ဘီစီ ၄၇၁၃၊ ဇန်န၀ါရီလ ၁ ရက်နေ့ပါ…
အရှင်းဆုံးပြောရရင် အဲဒီနေ့ကစပြီး လတွေ၊ နှစ်တွေမပါတော့ပဲ တစ်ရက်ချင်းရေ တွက်တဲ့စနစ်ပါပဲ…
ဥပမာ..ကျနော်တို့က ၂၀၀၈ ခုနှစ် ဇွန်လ ၂၉ ရက်ကနေ ၃၀ ရက်အတွင်းမှာတင်တဲ့ သတင်းတွေပဲရှာချင်တယ်ဆိုပါစို့…..
၂၀၀၈ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့အတွက် Julian Date က 2454646.50000..
၂၀၀၈ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အတွက် Julian Date က 2454647.50000..
ဒဿမဖြတ်ထားတဲ့နောက်က ဂဏန်းတွေရေးစရာမလိုပါဘူး
အဲဒါတွေသုံးပြီး ဒီလိုရှာပါမယ်….
"daterange:" ရဲ့ရှေ့မှာ ကိုယ်ရှာချင်တဲ့အကြောင်းအရာ..
"daterange:" နောက်မှာက space မခြားပဲ ကိုယ်သတ်မှတ်ချင်တဲ့ကာလအပိုင်း အခြား….ကိုရိုက်ပါ။
ဥပမာ….
Googleထဲမှာ "Myanmar nargis news daterange:2454466-2454467" လို့ရိုက်ပါ…
ဒါဆိုရင် ဇွန်လ၂၉ ရက်ကနေ ၃၀ ရက်အတွင်းမှာတင်တဲ့ သတင်းတွေပဲပေါ်လာ ပါတော့တယ်…..
Search Result ကလည်း အရင်လိုသိန်းဂဏန်းအထိမဟုတ်တော့ပဲ သိသိသာသာ လျော့သွားတာတွေ့ရပါတယ်….
ရိုးရိုးရက်စွဲကို Julian Date မပြောင်းတတ်ရင်မပူပါနဲ့….
ရိုးရိုးရက်စွဲကို Julian Date၊ Julian Dateကနေ ရိုးရိုးရက်စွဲကိုပြောင်းဖို့က ဒီမှာ Converter ရှိပါတယ်…
အဲဒီမှာ Julian Calender အကြောင်းကိုလည်း ပြည့်ပြည့်စုံစုံလေ့လာနိုင်ပါတယ်...
စမ်းကြည့်ပါ…အဆင်ပြေမှာပါ။
0 ခုအကြံပြုထားသည်:
Post a Comment