မြန်မာစံတော်ချိန်

Tuesday, July 1, 2008

Youtube ကနေ Download ဆွဲချင်ရင်

ဒါ

လေးကတော့Meta Caféကရတာပါ
ထုံးစံအတိုင်း www.youtube.comကစကြတာပေါ့..
(၁)အဲဒီကိုအရင်သွားပါ..။
(၂)ကိုယ် download ဆွဲချင်တဲ့ ဗွီဒီယိုကိုရွေးပါ။
(၃)အောက်ကအတိုင်းပေါ်လာရင် လင့်ခ်ထဲက…… youtube ဆိုတဲ့စာသားကို voobys ဆိုတဲ့စာသားနဲ့အစားထိုးလိုက်ရပါမယ်…


ပြီးလို့ Enter ခေါက်လိုက်ရင်အောက်ကအတိုင်းပေါ်လာပါတယ်…

(၃)DOWNLOAD VIDEO ဆိုတာကို နှိပ်လိုက်ပါ..။ File Name တောင်းရင် .flv ဆိုပြီး flv extension နဲ့ Save လိုက်ပါ..
ဥပမာ…ကိုယ်က myvideo လို့Save ချင်ရင် myvideo.flv ပေါ့။
ကိုယ့်ကွန်ပျူတာက flv ဖိုင်ကိုဖွင့်တဲ့ player ရှိရင် ဒီမှာပဲ အိုကေသွားပါပြီ။
မရှိရင်တော့………………….
(၄) အပေါ်က Page မှာမြင်နေရတဲ့ Download:Flash Player ဆိုတဲ့နေရာမှာ ယူလိုက်ပါ။
(အဲဒီအောက်က Converter:Voobys Search and converter 1.0b(NEW!) ဆို တာကတော့ videoဖိုင်တွေကိုရှာဖို့နဲ့ အမျိုးအစားပြောင်းဖို့ Voobyကပေးထား တဲ့ Software ပါ။)
သူက Install လုပ်စရာမလိုပါဘူး….။
ဥပမာ….Desktop ပေါ်မှာ Save လိုက်တယ်ဆိုပါစို့……FLVPlayer ဆိုပြီး Icon လေးပေါ်လာပါတယ်… အဲဒါကိုDouble Click နဲ့ဖွင့်လိုက်ရင်………ဒီလိုပေါ်ပါတယ်…

စောစောက Download လုပ်ထားတဲ့ myvideo.flv ဖိုင်ကို Drag နဲ့ဆွဲထည့်ပြီး ဒါမှမဟုတ် file… ကနေရွေးပြီးဖွင့်ရုံပါပဲ…။
စမ်းကြည့်ပါ...အဆင်ပြေမှာပါ။

0 ခုအကြံပြုထားသည်: