မြန်မာစံတော်ချိန်

Tuesday, July 8, 2008

Google မှာ Website အမျိုးအစားခွဲပြီးရှာဖို့

G

oogle မှာ ကိုယ်လိုချင်တဲ့ Data တွေကိုရှာတဲ့အခါမှာ WebSite အမျိုးအစားအလိုက်ခွဲပြီး ရှာဖို့အတွက် သုံးလို့ရပါတယ်…
Google မှာ "food critics"လို့ရိုက်ပြီးရှာရင် အင်တာနက်ပေါ်မှာ တင် ထားသမျှ food critics နဲ့ပတ်သက်တဲ့ Link တွေအကုန်ပေါ်လာ ပါတယ်….ဒီလိုပါ..


...ပုံကြီးကြည့်ရန်...

အဲဒီ Result ကို ကိုယ်ကထပ်ပြီးချုံ့ချင်သေးတယ်ဆိုရင site:.com "food critics" လို့ပြောင်းရိုက်ထည့်ပြီးရှာကြည့်ရင်

...ပုံကြီးကြည့်ရန်...

.com domain နဲ့တင်ထားတဲ့ Website တွေပေါ်ကLink တွေကိုပဲ ပေးတော့တာကိုတွေ့ရ မှာပါ။
ကိုယ်ကအဲဒါကိုထပ်ပြီးချုံ့ချင်သေးတယ်..ဥပမာ..အစိုးရwebsite တွေ
(.gov နဲ့တင်ထားတဲ့websiteတွေ)က Data ကိုပဲရှာချင်ရင် .com ကို .gov လို့အစားထိုးပြီး ရှာရုံပါပဲ..

...ပုံကြီးကြည့်ရန်...

အဲဒါထက်ပိုအသေးစိတ်ပြီး တရုတ်နိုင်ငံရဲ့အစိုးရ Website တွေမှာပဲ ရှာချင်တယ်ဆိုရင် .gov.cn လို့အစားထိုးပေါ့…

...ပုံကြီးကြည့်ရန်...

တကယ်လို့ ကိုယ်ရှာတဲ့ Data တွေဟာ ကိုယ်ရှာချင်တဲ့ Website ပေါ်မှာ မရှိဘူးဆိုရင်တော့ မပေါ်ဘူးပေါ့… ဟောဒီလိုပဲပေါ်ပါမယ်….

...ပုံကြီးကြည့်ရန်...

Google Search ရဲ့ ဒီ Function ဟာ ကိုယ်ရှာချင်တဲ့ အကြောင်း အရာတွေကို အသေးစိတ်အဆင့်ဆင့်ချုံ့ပြီး ရှာတဲ့နေရာမှာ အသုံး တည့်တဲ့ Function တစ်ခုပါ။
Search Result ဟာ တစ်ဆင့်ထက်တစ်ဆင့် ပိုပြီးနည်းလာတာကို တွေ့ရမှာပါ…အဲဒါထက်ပိုပြီး Website တစ်ခုတည်းပေါ်မှာပဲ ရှာချင် ရင်တော့ .com ၊ .gov စတဲ့နေရာတွေမှာ ကိုယ်ရှာချင်တဲ့ Website နာမည်ကိုအစားထိုး ရိုက်ထည့်ပြီးရှာရုံပေါ့..။
စမ်းကြည့်ပါ..။ အဆင်ပြေမှာပါ။
(ဒီ Function ကိုလူတော်တော်များများသိပြီးသားပါ။ မသိသေးသူတွေအတွက် ရည်ရွယ်ပါတယ်…)

0 ခုအကြံပြုထားသည်: